သင်္ကြန်တွင်းမှာ ပျော်ပျော်ပါးပါး ရေပက်ခံ၊ နေပူခံထားလို့ ညိုညစ်ညစ်ဖြစ်နေတဲ့ အသားအရေကြောင့် စိတ်ညစ်နေပြီလား?
သင်္ကြန်တွင်းမှာအပြင်တွေထွက်တာကြောင့် အသားအရေ ညိုမည်းပျက်စီးသွားတာဟာ လူတိုင်းလိုလို ကြုံတွေ့ရတဲ့ ပြဿနာပါ။ ပျက်စီးသွားတဲ့ အသားအရေကို ချက်ချင်းဖြူဝင်းသွားဖို့ထက် တဖြည်းဖြည်း ပြန်လည်ကြည်လင်လာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
၁. အပူဓာတ်ကို ဖယ်ရှားပေးပါ- နေလောင်ထားတဲ့ အသားအရေဟာ အထဲမှာ အပူရှိန် အောင်းနေတတ်တာကြောင့် ပူစပ်ပူလောင် ဖြစ်နေတတ်ပါတယ်။ဒါကြောင့်ရေချိုးတဲ့အခါ ရေအေးအေး နဲ့ ချိုးပေးဖို့လိုပါတယ်။အသားအရေအေးမြဖို့အတွက် Moisturizer (သို့မဟုတ်) Aloe Vera Gel ကို ပုံမှန်ထက် ပိုလိမ်းပေးပါ။ ညဘက်တွေမှာ Sheet Mask ကပ်ပေးဖို့ကိုလည်းမမေ့ပါနဲ့။
၂. Scrub တိုက်ခြင်းကိုရှောင်ကြဉ်ပါ - အသားညိုမဲသွားလို့ဆိုပြီး ချက်ချင်းဖြူချင်တဲ့စိတ်နဲ့ အသားချွတ်ဆေးတွေ သုံးတာ၊ Scrub တိုက်တာတွေ မလုပ်မိဖို့လိုအပ်ပါတယ်။ အသားအရေက အပေါ်ယံလွှာ ပျက်စီးနေတာဖြစ်လို့ အနည်းဆုံး (၁) ပတ်လောက် ဘာScrub မှ မလုပ်ပါနဲ့ဦး။
၃.ရေဓာတ်ကိုပြည်လည်ဖြည့်တင်းပါ-အသားအရေညိုတာဟာ ရေဓာတ်ခန်းခြောက်လို့လည်း ဖြစ်တတ်ပါတယ်။သင်္ကြန်လည်ရင်း ရေသောက်ဖို့ မေ့နေတတ်ကြတာမို့ အခုချိန်မှာ ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ ရေကို ၂လီတာထက်ပိုပြီး သောက်ပေးဖို့လိုအပ်ပါတယ်။
၄. နေရောင်ခြည်ဒဏ်ကို ကာကွယ်ပါ-အသားအရေ ပြန်လည်ကောင်းမွန်လာချိန်မှာ နေရောင်ခြည်ဒဏ်ကို ပိုခံစားရလွယ်တတ်ပါတယ်။ဒါကြောင့်အပြင်မထွက်ခင် Sunscreen SPF 50+ကို မဖြစ်မနေလိမ်းပါ။ အိမ်ထဲမှာပဲနရင်တောင် Sunscreen လိမ်းထားဖို့ မမေ့ပါနဲ့။
ဒီနည်းလမ်းလေးတွေကို စိတ်ရှည်ရှည်နဲ့ ဂရုစိုက်လုပ်ကြည့်ပြီး သင်္ကြန်အမှတ်တရ ညိုမည်းမှုတွေကို နှုတ်ဆက်ကာ ပြန်လည်ကြည်လင်တောက်ပတဲ့ မူလ အသားအရေ ကိုပိုင်ဆိုင်လိုက်ကြရအောင်။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။