🌧️ မိုးရာသီရောက်လာတာနဲ့အမျှ အပြင်မှာ မိုးစိုတာတင်မဟုတ်ဘဲ အိမ်ထဲမှာရှိတဲ့ ဖုန်း၊ Laptop နဲ့ လျှပ်စစ်ပစ္စည်းတွေပါ စိုထိုင်းဆမြင့်တက်မှုကြောင့် မထင်မှတ်ထားတဲ့ ပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီ Blog မှာ မိုးရာသီစိုထိုင်းဆကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို လျော့ချပြီး သင့်ရဲ့ အဖိုးတန်ပစ္စည်းတွေကို ဘေးကင်းအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
1. Waterproof Bag / Pouch နှင့် Rain Cover အသုံးပြုပါ
မိုးရာသီမှာ အရေးအကြီးဆုံးက သင့်ရဲ့ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေကို ရေမဝင်အောင် ကာကွယ်ခြင်းပါပဲ။အပြင်သွားတဲ့အခါ မမျှော်လင့်ဘဲ မိုးရွာနိုင်တာကြောင့်ဖုန်း၊ နာရီနဲ့ Power Bank တွေကို Waterproof အိတ် (ဒါမှမဟုတ်) ရေစိုခံအိတ်လေးတွေထဲ ထည့်ပြီးမှ သယ်ဆောင်တာက စိတ်အချရဆုံးပါ။
ကိုယ့်ရဲ့ School Bag ဒါမှမဟုတ် Office Bag တွေက ရေစိုခံမဟုတ်ဘူးဆိုရင် အိတ်တစ်ပြင်လုံးကို ဖုံးအုပ်ပေးနိုင်တဲ့ Rain Cover သုံးပေးခြင်းဖြင့် မိုးရေဝင်ရောက်မှုကို ထပ်မံကာကွယ်နိုင်ပါတယ်။
2. Silica Gel (အစိုဓာတ်စုပ်ပစ္စည်း) ထည့်ထားပါ
ဖုန်း၊ ကင်မရာ ဒါမှမဟုတ် Laptop အိတ်တွေ၊ Gadget Box တွေနဲ့ အရေးကြီးပစ္စည်း သိမ်းဆည်းတဲ့ ဗီရို/သေတ္တာတွေထဲမှာ Silica Gel အထုပ်လေးတွေ ထည့်ထားပေးပါ။ သူတို့က အစိုဓာတ်ကို စုပ်ယူပေးလို့ ပတ်လမ်း (Circuit) တွေ သံချေးတက်တာကနေ ကာကွယ်ပေးပါတယ်။ Electronic accessories တွေအတွက် အထူးအသုံးဝင်ပါတယ်။
3. စိုစွတ်နေတဲ့နေရာမှာ Charge မလုပ်ပါနဲ့
ဖုန်းအားသွင်းတော့မယ်ဆိုရင် အားသွင်းပေါက် (Charging Port) မှာ အစိုဓာတ် ရှိ၊ မရှိ အရင်စစ်ဆေးပါ။
ဖုန်းရေစိုနေပါက
🚫 ချက်ချင်းမအားသွင်းပါနဲ့
✔️ လေအေး (cool air) ဖြင့် သဘာဝအတိုင်း ခြောက်အောင်ထားပြီးမှသာ အားသွင်းပါ
⚡မိုးခြိမ်း၊ လျှပ်စီးလက်နေချိန်မှာ Voltage မတည်ငြိမ်မှုကြောင့် ဖုန်း၊ Laptop စတဲ့ ပစ္စည်းတွေ ပျက်စီးနိုင်လို့ ပလပ်ဖြုတ်ထားခြင်းက အစိတ်ချရဆုံးပါ။
4. နံရံနဲ့ ကပ်မထားပါနဲ့ — လေဝင်လေထွက်ကောင်းအောင်ထားပါ
မိုးတွင်းမှာ အိမ်နံရံတွေက အစိုပြန်တတ်တာကြောင့် လျှပ်စစ်ပစ္စည်းတွေမှာ မှိုတက်ခြင်း၊ သံချေးတက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် TV, ရေခဲသေတ္တာ နှင့် အခြားလျှပ်စစ်ပစ္စည်းများကို နံရံနဲ့ အနည်းဆုံး ၆လက်မခန့် ခွာထားပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားခြင်းက အစိုဓာတ်ကြောင့် ဖြစ်လာနိုင်တဲ့ ပျက်စီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
5. ပစ္စည်းတွေကို ပုံမှန်အသုံးပြုပေးပါ
ကြာရှည်မသုံးဘဲ ပစ်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေဟာ ဖုန်မှုန့်နှင့် အစိုဓာတ်ကြောင့် ပျက်စီးလွယ်ပါတယ်။တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့် ခဏဖွင့်အသုံးပြုပေးပါ။ စက်ကထွက်လာတဲ့ အပူရှိန်က အတွင်းပိုင်းက အစိုဓာတ်ကိုအလိုအလျောက် ဖယ်ရှားပေးပါလိမ့်မယ်။
6. ရေစိုသွားတဲ့ဖုန်းကို မှန်ကန်စွာကိုင်တွယ်နည်း (Do’s & Don’ts)
ဖုန်းထဲရေဝင်သွားပါက မှန်ကန်တဲ့အဆင့်တွေကို လုပ်ဆောင်ခြင်းက အရေးကြီးပါတယ်။မမှန်ကန်တဲ့နည်းလမ်းတွေကို အသုံးပြုမိရင် ပိုမိုပျက်စီးနိုင်တာကြောင့် သတိထားရပါမယ်။
❌ မလုပ်သင့်တဲ့အရာများ
🚫 ဆံပင်အခြောက်ခံစက် (Hair Dryer) နဲ့ အပူပေးပြီး အခြောက်မခံပါနဲ့။အပူလွန်ကဲမှုကြောင့် အတွင်းပိုင်းအစိတ်အပိုင်းတွေ ပျက်စီးနိုင်ပါတယ်။
🚫 ချက်ချင်းဖွင့်မသုံးပါနဲ့။ရေဝင်သွားရင်"ရှော့"ဖြစ်နိုင်လို့ ချက်ချင်းပိတ်ထားပြီး Serviceဆိုင်ကို အမြန်ဆုံးပို့သင့်ပါတယ်။
✔️ ချက်ချင်းလုပ်သင့်တာများ
✔️ ချက်ချင်း Power ပိတ်ပါ (လုံးဝအသုံးမပြုပါနဲ့)
✔️ ဖုန်းကို အားသွင်းမထားပါနဲ့
✔️ ဆန်အိုးထဲထည့်ခြင်းထက် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သဘာဝအတိုင်း ခြောက်သွေ့အောင်ထားပါ။
အရေးပေါ်အခြေအနေတွင် iPhone Support အကြံပြုချက်အရအားသွင်းပေါက်ကို အောက်ဘက်ထားပြီးဖုန်းအတွင်းရှိ ရေများကို ညင်သာစွာ ခါထုတ်ပြီးသဘာဝအတိုင်း ခြောက်သွေ့အောင်ထားပါ
7. လျှပ်စစ်ဝါယာကြိုးများကို ပုံမှန်စစ်ဆေးပါ
မိုးတွင်းမှာ ကြွက်တွေက အိမ်တွင်းမှာ ခိုအောင်းတတ်တာကြောင့် ဝါယာကြိုးတွေကို ကြွက်ကိုက်ထားခြင်း ရှိ၊ မရှိ ပုံမှန်စစ်ဆေးပါ။ အကယ်၍ဝါယာကြိုး ပေါက်ပြဲခြင်း သို့မဟုတ် ပျက်စီးမှုတွေ့ရှိပါက ကျွမ်းကျင်တဲ့ လျှပ်စစ်ပြင်ဆရာနဲ့ အမြန်ဆုံး လဲလှယ်ပါ။
မီးဘေးလုံခြုံရေးအတွက် Myanmar Fire Services Department ရဲ့ လမ်းညွှန်ချက်အတိုင်း ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
🌧️ မိုးရာသီမှာ စိုထိုင်းဆမြင့်တက်မှုက ဖုန်း၊ Laptop နဲ့ လျှပ်စစ်ပစ္စည်းများအတွက် အန္တရာယ်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ကာကွယ်နည်းလမ်းတွေကို ကြိုတင်လုပ်ဆောင်ထားမယ်ဆိုရင် ပစ္စည်းများကို ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ပြီး သက်တမ်းလည်း ပိုရှည်စေမှာပါ။
မိုးရာသီတစ်လျှောက် သင့်ရဲ့ အဖိုးတန်ပစ္စည်းတွေကို စိုထိုင်းဆနဲ့ ရေစိုမှုဒဏ်ကနေ ကာကွယ်ဖို့ ဒီနည်းလမ်းလေးတွေကို အသုံးချကြည့်ဖို့ မမေ့ပါနဲ့နော် 💙
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။