နွေရာသီ ရောက်ရင်အများအားဖြင့် အပူတွေများလို့ ရေသောက်တာများပြီး ထမင်းမစားနိုင် ပဲ အစားအသောက်အပျက်ဆုံး အချိန်ကာလ တစ်ခုပါပဲ။ အဲလိုချိန်အလေးမှာ ခန္ဓာကိုယ်က ချွေး ထွက်တာများပြီး "ရေဓာတ် နဲ့အတူ "ဓာတ်ဆားဓာတ် တို့ လျှေ့ာနည်းသွားတတ်ပါတယ်။
နွေရာသီမှာ ချွေးထွက်ခြင်းနဲ့ အတူ ပင်ပန်းနွမ်းနယ်မှုကို ရေသောက်တာတစ်ခုထဲနဲ့ တော့ မလုံလောက်ပါရှင်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်း ပေးနိုင်မယ့် နွေရာသီမှာ သောက်သင့်တဲ့ သဘာဝဖျော်ရည်အေးအေးလေး (၅) မျိုးကို ဝေမျှပေးလိုက်ပါတယ်ရှင်။
၁.သံပုရာရည်-နွေရာသီမှာ အထိရောက်ဆုံး အလွယ်ကူဆုံးဖျော်ရည်လေးပါ။ ဗီတာမင် C ပြည့်ဝပြီး အမောအပန်းပြေစေကာ ခေါင်းမူးခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
၂.ဖရဲသီးဖျော်ရည်-ဖရဲသီးမှာ ရေဓာတ်ပါဝင်မှုများတာကြောင့် နွေရာသီအတွက် အကောင်းဆုံး သစ်သီးဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် A နဲ့ C ပါဝင်မှုကြောင့် ခန္ဓာကိုယ်ကို ချက်ချင်း အေးမြလန်းဆန်းစေပြီး အသားအရေကိုလည်း ကြည်လင်စေပါတယ်။
၃.အုန်းစိမ်းရည်-အုန်းရည်ကတော့ ချွေးထွက်များလို့ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်ပြီး ခန္ဓာကိုယ်ထဲက ရေဓာတ် ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။
၄.မန်ကျည်းဖျော်ရည်- မန်ကျည်းဖျော်ရည် ချိုချဉ်အရသာလေးက ရင်ထဲကို အေးမြစေရုံတင်မကဘဲ အပူအပုပ်တွေကိုပါ ကင်းစင်စေတဲ့ ဖျော်ရည်ဖြစ်ပါတယ်။
၅.ဒိန်ချဉ်- နွေရာသီမှာ ဒိန်ချဉ် သောက်သုံးပေးခြင်းက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ချက်ချင်း လျော့ကျ ပေးပြီး အစာအိမ်အူလမ်းကြောင်းကို အထောက်အကူဖြစ်စေပါတယ်ရှင်။
ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်လေးတွေလည်းသောက်ပြီး ပူပြင်းတဲ့ နွေရာသီကို အနိုင်ယူလိုက်ကြပါစို့။ အားလုံးပဲ ပူပြင်းတဲ့နွေမှာ စိတ်ရောကိုယ်ပါ အေးမြလန်းဆန်းနိုင်ကြပါစေရှင်။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။