☀️နွေအပူရှိန် အောက်မှာ ယုံကြည်မှုရှိရှိ လှပနေစေဖို့

Mar 11, 2026
Beauty
☀️နွေအပူရှိန် အောက်မှာ ယုံကြည်မှုရှိရှိ လှပနေစေဖို့

   အခုရက်ပိုင်း ရာသီဥတုက တကယ်ကို အပူရှိန် ပြင်းထန်လာတယ်နော်။ ဒီလိုအချိန်မှာ ကျန်းမာရေးရော၊ အသားအရေပါ မထိခိုက်ရအောင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ပူပြင်းတဲ့ နေရောင်အောက်မှာ စိုးရိမ်စိတ်ကင်းကင်းနဲ့ ဆွဲဆောင်မှုရှိရှိ လှပနေစေဖို့ ဒီနည်းလမ်းကောင်း () ချက်ကို မျှဝေပေး လိုက်ပါတယ်ရှင်။

၁။ Sun Cream 

    Sun Cream က နံပါတ် () ပါပဲ အပြင်မထွက်ခင် Sun Cream လိမ်းဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ အသားအရေကို ကာကွယ်ဖို့ ဒါဟာ အရေးကြီးဆုံးအချက်ပါ။

၂။ အသားအရေကို အစိုဓာတ်ဖြည့်ပါ

   ပူအိုက်တဲ့အချိန်မှာ အသားအရေ ခြောက်သွေ့မသွားစေဖို့ Moisturizer ကို ပုံမှန်လိမ်းပေးပါ။ (Gel-type လေးဆိုရင် ပိုပြီး လန်းဆန်းစေပါတယ်)

၃။ ဆံကေသာနဲ့ မျက်ဝန်းကို ဂရုစိုက်ပါ

   နေရောင်ပူပြင်းမှုက ဆံသားကို ခြောက်သွေ့ ပျက်စီးစေနိုင်လို့ အပြင်ထွက်ရင် ထီး ဒါမှမဟုတ် ဦးထုပ် ဆောင်းပါ။ မျက်ဝန်းအတွက်လည်း နေကာမျက်မှန် လေး အမြဲဆောင်ထားဖို့ မမေ့ပါနဲ့။

၄။ သက်တောင့်သက်သာရှိတဲ့ ဖက်ရှင်

   အဝတ်အစားဝတ်တဲ့အခါ ပူအိုက်မှုကို သက်သာစေမယ့် ပွပွချောင်ချောင်နဲ့ လေဝင်လေထွက်ကောင်းတဲ့ အသား (ဥပမာ-ချည်သား) မျိုးကို ရွေးချယ်ဝတ်ဆင်ပါ။

၅။ ရေဓာတ်ဖြည့်တင်းခြင်း

   နောက်ဆုံး အရေးကြီးဆုံး အချက်ကတော့ ရေဓာတ်ပြည့်ဝနေဖို့ပါ။ တစ်နေ့တာလုံး ရေများများ သောက်ပေးတဲ့ အပြင် အရည်ရွှမ်းတဲ့ အသီးအနှံတွေကို များများစားသုံးပေးဖို့လိုအပ်ပါတယ်နော်။

    အခု မျှဝေပေးခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး နွေရာသီ အပူရှိန်ကို ယုံကြည်မှု အပြည့်နဲ့ ဖြတ်သန်းလိုက်ကြရအောင်နော်။

 🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0

Recent Posts

International Mother’s Day

May 09, 2026
နေ့ထူးနေ့မြတ်