မကြာခင်မှာ ကျောင်းတွေစဖွင့်တော့မှာဆိုတော့ ဖေဖေမေမေတို့လည်း ကလေးတွေအတွက် ကျောင်းဝတ်စုံ၊ စာအုပ် စာရေးကိရိယာတွေ ကြိုတင်ပြင်ဆင်နေကြပြီပေါ့။ဒီလိုပစ္စည်းတွေ ပြင်ဆင်နေရင်း နောက်ထပ် အရေးကြီးဆုံး ကြိုတင်ပြင်ဆင်ရမှာကတော့ ကလေးတွေရဲ့ "ကျန်းမာရေး" ကြိုတင်ပြင်ဆင်မှုပါပဲ။
ဇွန်လ ကျောင်းဖွင့်ချိန်မှာ ကလေးတွေ အဆင်သင့်ဖြစ်နေဖို့ မေလကတည်းက ကြိုတင်ပြင်ဆင်တာဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ နွေရာသီပိတ်ရက်ရှည်မှာ ပြောင်းလဲသွားတဲ့ အိပ်ချိန်၊ စားချိန်တွေကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ပေးဖို့နဲ့ ကျောင်းမှာ ကလေးအချင်းချင်း အလွယ်တကူ ကူးစက်တတ်တဲ့ ရောဂါတွေအတွက် ကိုယ်ခံအား ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။
၁.အိပ်ချိန်ထချိန်များကိုပြန်လည်လေ့ကျင့်ပေးပါ- နွေရာသီကျောင်းပိတ်ရက်ရှည်မှာ ညနက်မှအိပ်တဲ့ အကျင့်တွေ ရှိနေတတ်ပါတယ်။ ကျောင်းဖွင့်ခါနီးမှ အတင်းစောစောထခိုင်းရင် ကလေးတွေက ဂျီကျတတ်သလို၊ အိပ်ရေးမဝတဲ့အခါ ကိုယ်ခံအားလည်း ချက်ချင်း ကျဆင်းတတ်ပါတယ်။ ဒါကြောင့် မေလထဲမှာကတည်းက စောစောအိပ်၊ စောစောထတဲ့ အကျင့်ကို တဖြည်းဖြည်း ပြန်လေ့ကျင့်ပေးပါ။
၂. Screen
Time ကို
ကန့်သတ်ပါ -
ပိတ်ရက်တွေမှာ
ဂိမ်းဆော့တာတွေ၊
တီဗီတွေ
အကြည့်များထားတဲ့
ကလေးတွေအတွက်
ကျောင်းမဖွင့်ခင်
အခုကတည်းက
ဖုန်းပေးသုံးတဲ့
အချိန်ကို
ဖြည်းဖြည်းချင်း
လျှော့ချပေးပါ။
ဖုန်းပေးသုံးတဲ့အချိန်များရင်
ကျောင်းရောက်တဲ့အခါ
စာသင်ခန်းထဲမှာ
အာရုံမစူးစိုက်နိုင်
ဖြစ်တတ်ပါတယ်။
၃.
တစ်ကိုယ်ရည် သန့်ရှင်းရေး- ကျောင်းရောက်ရင် သူငယ်ချင်းတွေနဲ့ အတူတူကစားမယ်၊ စားမယ်ဆိုတော့ ရောဂါပိုးတွေက အလွယ်လေး ကူးစက်နိုင်ပါတယ်။ ကလေးတွေကို အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျဆေးဖို့ အခုကတည်းက လေ့ကျင့်ပေးပါ။ နှာချေ၊ ချောင်းဆိုးရင် ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားဖို့ကိုလည်း သေချာမှာကြားထားဖို့ လိုပါတယ်။
၄.
ကိုယ်ပိုင်အသုံးအဆောင်တွေ မျှဝေခြင်း-ကျောင်းရောက်တဲ့အခါ သူငယ်ချင်းတွေနဲ့ ရေဘူး အတူတူသောက်တာ၊ ဇွန်း၊ ပုဝါ
နဲ့ အစားအသောက်တွေကို မျှဝေစားသောက်တာတွေကနေတစ်ဆင့် ရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ရေဘူးကိုသာ သောက်ဖို့နဲ့ ကိုယ်ပိုင် အသုံးအဆောင်တွေကို သီးသန့်သုံးဖို့ ကလေးတွေကို နားလည်အောင် ရှင်းပြထားပေးပါ။
၅. အာဟာရပြည့်တဲ့ မနက်စာနဲ့ သန်ချဆေး- အာဟာရပြည့်ဝတဲ့ နံနက်စာ ကျွေးခြင်းက တစ်နေ့တာလုံး လန်းဆန်းစေပြီး ကိုယ်ခံအားကို ထောက်ပံ့ပေးပါတယ်။နောက်ထပ်အရေးအကြီးဆုံးက ကလေးအတွက် ဗီတာမင်စီ ကြွယ်ဝတဲ့ သစ်သီးဝလံတွေကို များများကျွေး ဖို့နဲ့ သန်ချဆေး တိုက်ဖို့ကိုလည်းမမေ့ပါနဲ့။
ကျောင်းဖွင့်တဲ့အခါ သူငယ်ချင်းတွေ အများကြီးနဲ့ အတူတူ စာသင်၊ ဆော့ကစားရမှာဖြစ်လို့ ကူးစက်ရောဂါတွေကနေ ကင်းဝေးပြီး ကျောင်းမပျက်ရလေအောင် ဖေဖေမေမေတို့က အခုကတည်းကစပြီး ကြိုတင်ပြင်ဆင်လိုက်ကြရအောင်နော်! 🥰
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။