မေလဟာ နှစ်တစ်နှစ်ရဲ့ ပထမခြောက်လ မကုန်ဆုံးခင် နောက်ဆုံးအချိန်ဖြစ်သလို၊ နွေရဲ့ အပူရှိန်ကနေ မိုးဦးရဲ့ အေးမြမှုဆီ ကူးပြောင်းတဲ့ လတစ်လလည်း ဖြစ်ပါတယ်။ လူအတော်များများဟာ "ဒီနှစ်လည်း တစ်ဝက်ကျိုးတော့မယ်၊ ငါ ဘာမှမလုပ်ရသေးဘူး" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အားအင်တွေ လျော့နည်းနေပြီလား (ဒါမှမဟုတ်) လမ်းကြောင်း ပျောက်နေပြီး စိတ်ဓာတ်တွေကျတတ်ကြပါတယ်။
ဒီလထဲမှာ သင့်ရဲ့ စွမ်းအင်တွေကို မြှင့်တင်ပြီး ပိုကောင်းတဲ့ Version တစ်ခုဖြစ်လာစေဖို့ အချက် (၃) ချက်ကို မျှဝေလိုက်ပါတယ်။
၁. အသစ်တစ်ဖန် ပြန်လည်ဆန်းစစ်ခြင်း-နှစ်တစ်နှစ်ရဲ့ ငါးလမြောက်ကို ရောက်ရှိလာပြီဖြစ်လို့ ဇန်နဝါရီလက ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေကို ပြန်ကြည့်ပါ။ အတိတ်က ကျရှုံးမှုတွေ၊ "ငါ မလုပ်နိုင်ပါဘူး" ဆိုတဲ့ အတွေးဟောင်းတွေကို ဒီလမှာပဲ အဆုံးသတ်လိုက်ပါ။မအောင်မြင်သေးတဲ့ အချက်တွေကို အပြစ်တင်နေမယ့်အစား "ဘာကြောင့် နှောင့်နှေးနေတာလဲ" ဆိုတဲ့ အဖြေကို ရှာဖွေပြီး နည်းဗျူဟာအသစ် ပြောင်းလဲဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
၂. သေးငယ်သော ခြေလှမ်း-အောင်မြင်မှုတွေက တစ်ညတည်းနဲ့ ဖြစ်မလာပါဘူး။ ကျန်ရှိတဲ့ ၇ လအတွက် လိုအပ်တဲ့ Skill အသစ်တွေ လေ့လာဖို့ (သို့မဟုတ်) ရပ်တန့်ထားတဲ့ စာအုပ်တွေကို ပြန်ဖတ်ပြီး Energy ပြန်ဖြည့်ပါ။ပန်းတိုင်အသစ်တွေနဲ့ ပြန်စပါ။။အလေ့အကျင့်သေးသေးလေးတစ်ခုက နောက် ၆ လအကြာမှာ သင်မမှတ်မိနိုင်လောက်တဲ့ တိုးတက်မှုတွေကို ယူဆောင်လာပေးမှာပါ။ ဒီနေ့ပဲစပါ မနက်ဖြန်ဆိုတာ ဘယ်တော့မှ ရောက်မလာပါဘူး။
၃.အနာဂတ်အတွက်ယုံကြည်မှု- အတိတ်က အမှားတွေကို သင်ခန်းစာယူပါ၊ ရာသီဥတုက အုံ့မှိုင်းနေပါစေ၊ စိတ်ဓာတ်ကတော့ အမြဲတမ်း တောက်ပနေဖို့ လိုပါတယ်။ “ဖြစ်နိုင်ပါ့မလား" ဆိုတဲ့ သံသယထက် "ငါ လုပ်နိုင်တယ်" ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ပါ။
အချိန်ဟာ ပြန်မရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး၊ အဲဒီအချိန်ကို တန်ဖိုးရှိတဲ့ ရလဒ်အဖြစ် ပြောင်းလဲနိုင်တာက ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ လဲကျသွားလည်း အတွေ့အကြုံအသစ်နဲ့ ပြန်ထရမယ်၊ အားနည်းသွားလည်း ခြေလှမ်းအသစ်နဲ့ ဆက်လျှောက်ရမယ်။ဒါကြောင့် ခြေလှမ်းတိုင်းကို ယုံကြည်ချက်နဲ့လှမ်းရင်း သင်ထိုက်တန်တဲ့ အနာဂတ်ပန်းတိုင်ကို ရအောင် ယူလိုက်ပါ။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။