ဂမုန်းပွင့်မိသားစု၏ လစဉ်လှူဒါန်းမှု CSR (Corporate Social Responsibility) အစီအစဉ်အရ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ "အမျိုးသားကင်ဆာကုသရေးဗဟိုဌာန" မှ လူနာများအတွက် အာဟာရဒါနနှင့် အလှူငွေများကို သွားရောက်လှူဒါန်းခဲ့ပါသည်။
ဤအလှူတော်တွင် ဂမုန်းပွင့်ကုမ္ပဏီမိသားစုနှင့်အတူ ပါမောက္ခ ဦးသိန်းဝင်း နှင့် ၈၂/၈၃ ဘူမိဗေဒ သူငယ်ချင်းများမှ စုပေါင်း၍
✨ လူနာတစ်ဦးလျှင် (၆၀,၀၀၀) ကျပ်နှုန်းဖြင့်
✨ စုစုပေါင်းလှူဒါန်းမှုတန်ဖိုး ၅,၂၅၀,၀၀၀ (ငါးဆယ်နှစ်သိန်းငါးသောင်း) တိတိနှင့်
✨ အရသာရှိသော ခေါက်ဆွဲကြော်များကို မေတ္တာဖြင့် ပါဝင်လှူဒါန်းခဲ့ကြပါသည်။
သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်နှင့် စိတ်နှလုံးကြည်နူးစေရန် ပုံရိပ်လေးများကို မျှဝေပေးလိုက်ရပါသည်။ 🎉