🙏ဂမုန်းပွင့် မိသားစု၏ လစဉ်လှူဒါန်းမှု 𝐂𝐒𝐑 အစီအစဉ်အရ 2026 , မတ်လ (၁၂)ရက်နေ့မှာ
➤ အမှတ် (၁၆၅) ဗဟိုလမ်း (၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ ၊ ရန်ကုန် မျက်မမြင်ကျောင်း(ခဝဲခြံ) တွင် မျက်မမြင်ကျောင်းသား/သူ များနှင့် ဝန်ထမ်းများအား ဂမုန်းပွင့်ကုမ္ပဏီမှ ဆန် (၁၀) အိတ် ၊ ဆီ (၅)ပုံး ၊ Braille Display(မျက်မမြင်စာဖတ်စက်) တို့ကို လည်းကောင်း
➤ ရန်ကုန်တိုင်း ၊ ပိတောက် (၂) လမ်း ၊ အင်းစိန်မြို့သစ် (ဂ) ရပ်ကွက် ၊ အင်းစိန်မြို့နယ်ရှိ ဓမ္မဝါဒီသီလရှင်စာသင်တိုက်တွင် ဆန်(၂၂)အိတ် ၊ ဆီ (၅)ပုံး ၊ ရေခဲမုန့်ဘူး(၈၀) တို့ကို လည်းကောင်း စုစုပေါင်းလှူဒါန်းငွေတန်ဖိုး ၅,၀၀၀,၀၀၀/ (ကျပ် သိန်း ငါးဆယ်တိတိ ) ကို ဂမုန်းပွင့်ကုမ္ပဏီမိသားစု ၊ ပါမောက္ခ ဦးသိန်းဝင်း နှင့် ၈၂/၈၃ ဘူမိဗေဒ သူငယ်ချင်းများမှ လှူဒါန်းခဲ့သည့် ပုံရိပ်လေးများအား ထပ်တူဝမ်းမြောက်သာဓုခေါ်စေနိုင်ရန် မျှဝေပေးလိုက်ပါသည်။ 🎉