မြန်မာနိုင်ငံ၏ အပူဆုံးအချိန်ဖြစ်တဲ့ မတ်၊ဧပြီ၊မေ လဆန်း များဟာအပူချိန်အများဆုံးဖြစ်ပါတယ်။ ဒီလို အပူရှိန်ပြင်းတဲ့နေရာမှာ ကြာရှည်နေမိရင် ဖြစ်စေ၊ အလုပ်လုပ်မိရင်ဖြစ်စေ အပူရှပ်ခြင်း ဆိုတဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ အပူရှပ်ခြင်း ဟာ ရေဓါတ် ခန်းခြောက်မှုနဲ့ အတူတွဲဖက် ဖြစ်ပွား တတ်ပါတယ်။အပူရှပ်ခြင်းကြောင့်လည်း အသက်အန္တာရယ် ဆုံးရှုံးသည်အထိ စိုးရိမ်ရပါတယ်ရှင်။
အပူရှပ်ခြင်း လက္ခဏာများကတော့- အလွန်အမင်း ချွေးထွက်ခြင်း ၊ခေါင်းမူး၊ ခေါင်းကိုက်ခြင်း ၊မူးဝေအော့အန်ချင်ခြင်း၊နှလုံးခုန်မြန်ခြင်း၊အသက်ရှူ မမှန်ခြင်း၊ကြွက်တက်ခြင်း၊ ခန္ဓာကိုယ် အပူချိန် တက်လာခြင်း တို့ဖြစ်ပါတယ်။
မဖြစ်ခင် ကာကွယ်တာက အကောင်းဆုံး နည်းလမ်း ဖြစ်တာကြောင့် အပူရှပ်ခြင်းကို ကာကွယ်ပေးသည့် အချက်(၅)ချက် ကို ဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်။
၁. ရေများများသောက်ပါ - ရေငတ်မခံဘဲ တစ်နေကုန် ရေ ကိုပုံမှန်သောက်ပေးပါ။ ချွေးထွက်များပါက ဓာတ်ဆားရည် သောက်ပေးလို့ရပါတယ်။
၂.နေပူရှောင်ပါ - အပူဆုံးအချိန် (မနက် ၁၁ မှ ညနေ ၄ နာရီအတွင်း) အပြင်ထွက်ခြင်းနှင့် နေပူထဲမှာပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုကိုရှောင်ပါ။ မဖြစ်နေသွားရမည်ဆိုပါက နေပူ ကာကွယ်ရန် ထီး/ဦးထုပ် ဆောင်းပါ။
၃.အပူငုပ်ခြင်းကို ကာကွယ်ပါ - နေပူထဲက ပြန်လာပြီး အဲယားကွန်းခန်းထဲ ချက်ချင်းဝင်တာ၊ ရေချိုးတာ၊ ရေခဲရေ အလွန်အမင်း သောက်တာမျိုး ရှောင်ပါ။
၄.အစာအဆိပ်သင့်ခြင်း - နွေရာသီမှာ အစားအသောက်တွေ သိုးလွယ်တာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ရင် ရေဓာတ်ပိုမို ခန်းခြောက်နိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်သော အစားအသောက်ကိုသာ စားသုံးဖို့လိုအပ်ပါတယ်။
၅. ချည်သားဝတ်ပါ - လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ Cotton (ချည်သား) အင်္ကျီအပွတွေကို ရွေးချယ်ပါ။ အရောင်ရင့်တာထက် အရောင်ဖျော့တာက အပူကို စုပ်ယူမှု နည်းစေပါတယ်။
ဒါကြောင့်"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့အတိုင်း ကြိုတင်ကာကွယ်ခြင်းဖြင့် အားလုံးပဲ အပူဒဏ်ကင်းဝေးပြီး ကျန်းမာပျော်ရွင်တဲ့ နွေရက်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။